Ethical Recruitment 101 for Recruitment Agencies and CSOs
Fri, Mar 21
|Virtual Event in Burmese
အခု ဒီသင်တန်းကတော့ အွန်လိုင်းသင်တန်းဖြစ်ပြီး သင်တန်းချိန် သုံးနာရီ ကြာမြင့်မှာ ဖြစ်ပါတယ်။ ယခုနှစ်နောက်ပိုင်းမှာလည်း အစ်ဆာရာက စီးရီးလိုက် ဆက်တိုက်သင်တန်းရှည်တွေကိုလည်း ဆက်လက် လုပ်ဆောင်ပေးသွားဖို့ ရှိတဲ့အတွက် သင်တန်းရှည် တက်ရောက်လိုသူတွေအနေနဲ့ စောင့်မျှော်ပေးကြဖို့လည်း အသိပေးလိုပါတယ်။


Time & Location
Mar 21, 2025, 9:00 AM – 12:00 PM GMT+6:30
Virtual Event in Burmese
About the event
အခု ဒီသင်တန်းကတော့ အွန်လိုင်းသင်တန်းဖြစ်ပြီး သင်တန်းချိန် သုံးနာရီ ကြာမြင့်မှာ ဖြစ်ပါတယ်။ ယခုနှစ်နောက်ပိုင်းမှာလည်း အစ်ဆာရာက စီးရီးလိုက် ဆက်တိုက်သင်တန်းရှည်တွေကိုလည်း ဆက်လက် လုပ်ဆောင်ပေးသွားဖို့ ရှိတဲ့အတွက် သင်တန်းရှည် တက်ရောက်လိုသူတွေအနေနဲ့ စောင့်မျှော်ပေးကြဖို့လည်း အသိပေးလိုပါတယ်။ အခု ပြုလုပ်မယ့် အွန်လိုင်းသင်တန်းကတော့ လုပ်သားစုဆောင်းရေး လုပ်ငန်းစဉ်တွေနဲ့ စပ်လျဉ်းပြီး ကျင့်ဝတ်နဲ့ အညီ လုပ်သား စုဆောင်းခြင်းဆိုင်ရာ အဓိကသဘောတရားတွေနဲ့ မူဝါဒတွေကို မိတ်ဆက်ပေးသွားမှာ ဖြစ်ပြီးတော့ တာဝန်ယူမှူ တာဝန်ခံမှုရှိတဲ့ လုပ်သားစုဆောင်းခြင်းတွေ၊ ကုန်ကျစရိတ်တွေ ကို အလုပ်ရှင်က ကျခံတဲ့ ဇီးရိုးကော့ လုပ်သားခေါ်ယူမှု ဒါမှမဟုတ် အခကြေးငွေ လုံးဝမယူတဲ့ စုဆောင်းရေး လုပ်ငန်းစဉ်တွေ အကြောင်းကိုလည်း ရှင်းလင်းမျှဝေပေးသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ကျင့်ဝတ်နဲ့ အညီ လုပ်သား စုဆောင်းနိုင်ဖို့အတွက် အဓိကအချက်တွေ၊ လုပ်ငန်းခွင် အန္တရာယ်တွေကို လျှော့ချနိုင်မယ့် နည်းလမ်းတွေ၊ လုပ်သား စုဆောင်းရေးစနစ်တွေကို ပိုမို အားကောင်းစေဖို့တွေအပြင် အလုပ်သမား ခေါ်ယူတဲ့ အတွေ့အကြုံတွေအပေါ် မူတည်ပြီး လက်တွေ့ကျတဲ့ အခြေခံ နည်းလမ်းတွေကနေ တဆင့် အလုပ်သမားတွေ၊ လုပ်သားစုဆောင်းရေး အေဂျင်စီတွေ ပိုမို အဆင်ပြေစေရေးအတွက် လုပ်ဆောင်နိုင်မယ့် အရာတွေကိုလည်း ထည့်သွင်းဆွေးနွေးကြမှာဖြစ်ပါတယ်။
သင်တန်း ရည်ရွယ်ချက်များ-
တောင်အာရှနဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာရှိတဲ့ နိုင်ငံတကာ လုပ်သား စုဆောင်းရေး လုပ်ငန်းစဉ်တွေနဲ့ စပ်လျဉ်းပြီး လက်ရှိ စည်းမျဉ်းစည်းကမ်းတွေကို နားလည်နိုင်စေဖို့။ လုပ်သားသစ်စုဆောင်းရာမှာ ကျင့်ဝတ်နဲ့ မညီတဲ့ လုပ်သားစုဆောင်းမှုတွေကြောင့် လုပ်ငန်းတွေနဲ့ အေဂျင်စီတွေမှာ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကို ခွဲခြားသတ်မှတ်နိုင်ဖို့။
အာရှတိုက်အတွင်း နိုင်ငံအများစုမှာ ကျင့်သုံးနေကြတဲ့ တရားဝင် ကျင့်ဝတ် လိုက်နာမှုစံနှုန်းတွေကို လုပ်ငန်းရှင်ဘက်က ကုန်ကျစရိတ်ကျခံ ပေးချေတဲ့ မူဝါဒတွေနဲ့ နှိုင်းယှဉ်ပြီး လိုက်မှီအောင် လုပ်ဆောင်နိုင်ဖို့အတွက် လိုအပ်တဲ့ အချက်တွေကို သိရှိနားလည်စေဖို့။
အာရှနိုင်ငံတွေမှာရှိတဲ့ လုပ်ငန်းရှင်တွေနဲ့ လုပ်သားစုဆောင်းရေး အေဂျင်စီတွေအနေနဲ့ အစ်ဆာရာရဲ့ ကျင့်ဝတ်နဲ့ ညီတဲ့ လုပ်သားစုဆောင်းရေး အစီအစဉ်တွေနဲ့ လက်စွဲအချက်အလက်တွေကို လက်တွေ့ နားလည် အသုံးချနိုင်စေဖို့။